စာရေးသူ

အားလုံးမြင်နိုင်ရန်
Glenn Packiam

ဂလဲန် ပက်ကိမ်း

ဂလဲန် ပက်ကိမ်းသည် ကိုလိုရာဒိုပြည်နယ် ကိုလိုရာဒိုစပရင်းစ်ရှိ နယူးလိုက်ဖ်အသင်းတော်၌ တွဲဘက် သင်းအုပ်နှင့် နယူးလိုက်ဖ်ဒေါင်းထောင်း၏ဦးဆောင်သင်းအုပ်အဖြစ်ထမ်းဆောင်နေသူဖြစ်သည်။ သူသည် Blessed Broken Given: How Your Story Becomes Sacred in the Hands of Jesus, Discover the Mystery of Faith, Butterfly in Brazil, Lucky: How the Kingdom Comes to Unlikely People, and Secondhand Jesus စသည့်စာအုပ်များကို ရေးသားခဲ့သူလည်းဖြစ်သည်။ ထို့ပြင် ဂလဲန်သည် Desperation Band တီးဝိုင်းကို တည်ထောင်သူတစ်ဦးအပါအဝင်ဖြစ်ပြီး ဝတ်ပြုကိုးကွယ်ခြင်း သီချင်းပေါင်း ၆၅ ပုဒ်ထက်မနည်းကိုရေးသားစပ်ဆိုခဲ့သည်။ Integrity Music တေးထုတ်လုပ်ရေးမှ “Your Name” and “My Savior Lives.”စသည့်သူ့သီချင်းများကို ထုတ်ဝေခဲ့သည်။ ဂလဲန်သည် Durham တက္ကသိုလ်မှဓမ္မပညာနှင့်အမှုတော်လုပ်ငန်းဆိုင်ရာ ဒေါက်တာဘွဲ့ကို ဆွတ်ခူးရရှိခဲ့ပြီး စိတ်ဝင်စားဖွယ်အကြောင်းအရာဘာသာရပ်များကို ဦးဆောင်ပို့ချ လေ့လာသုတေသနာပြုသည့် စိန့်ဂျွန်းကောလိပ်၏ဂုဏ်ထူးဆောင်ဆရာကြီးဖြစ်ပါသည်။

စာမူ/ အကြောင်းအရာ များ ဂလဲန် ပက်ကိမ်း

ဤအရာများကို လေ့ကျင့်ပါ

သား၏သင်္ချာအိမ်စာကို ကူညီပေးရင်း သားလေးက သဘောတရားတူသည့် ဆတိုးကိန်းပုစ္ဆာများ တွက်ရသည်ကို စိတ်အားထက်သန်မှုမရှိကြောင်း တဖြည်းဖြည်း ထင်ရှားသိသာလာသည်။ ကျန်အိမ်စာအကုန်လုံးကို မလုပ်ခိုင်းလောက်တော့ဘူးအထင်ဖြင့် "ဖေဖေရေ သားရပြီ"ဟု သူအခိုင်အမာပြောသည်။ သို့နှင့် ကျွန်တော်က သားအား လက်တွေ့လေ့ကျင့်မှု မလုပ်မိမချင်း သဘောတရားများသည် အယူအဆတစ်ခုမျှသာဖြစ်ကြောင်း ဖြည်းဖြည်းချင်း ရှင်းပြရသည်။

ရှင်ပေါလုက ဖိလိပ္ပိရှိ သူ့အပေါင်းအသင်းများကို အလေ့အကျင့်နှင့်စပ်လျဥ်း၍ "သင်တို့သည် အထက်က သင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့" (ဖိ ၄:၉)ဟု စာရေးသားပေးခဲ့သည်။ ရှင်ပေါလုက အချက် ၅ ချက် ကို လုပ်ဆောင်ရန်ပြောထားသည်။ ဧဝေါဒိနှင့် သုန္တုတ်တို့အား 'ရန်ငြိမ်းပြေလည်လျက် သင့်မြတ်ခြင်း'ကို လေ့ကျင့်ရန် တိုက်တွန်းသည် (:၂-၃)။ စာဖတ်သူများအား 'ဝမ်းမြောက်ခြင်း'ကို ပြုစုပျိုးထောင်ရန် သတိပေးသည် (:၄)။ လောကသားတို့နှင့် ဆက်ဆံပြုမူရာတွင် 'ဖြည်းညင်းခြင်း' သဘောကို ကျင့်ဆောင်ရန် တိုက်တွန်းသည် (:၅)။…

ငါကိုယ်တိုင် မဟုတ်တော့ပြီ

လွန်ခဲ့သော ၁၈၅၉ ခုနှစ် နွေရာသီတွင် ပြင်သစ်လူမျိုး ချားလ်စ် ဘလောင်ဒင် (Charles Blondin) သည် နိုင်ရာဂါရာရေတံခွန်တွင် ပထမဆုံး ကြိုးတန်းဖြတ်လျှောက်သူဖြစ်လာခဲ့သည်။ ထိုနောက်ပိုင်းတွင်လည်း အကြိမ် ၁၀၀ မျှ မကြာခဏ ဖြတ်လျှောက်ခဲ့သေးသည်။ တစ်ကြိမ်တွင် သူ၏မန်နေဂျာ ဟယ်ရီခေါလ်ခေါ့ကို ကျောပေါ်တင်ပြီး ဖြတ်လျှောက်သည်။ သူက “ဒီမှာ ဟယ်ရီ၊ အခုအချိန်ကစပြီး မင်းက ခေါလ်ခေါ့ မဟုတ်တော့ဘူး။ ဘလောင်ဒင် ဖြစ်သွားပြီ။ ဒီတော့ ငါယိမ်းရင် မင်းလိုက်ယိမ်းပါ။ မင်းတစ်ယောက်တည်း ဟန်ချက်ညီအောင်ထိန်းဖို့မစဉ်းစားနဲ့။ မင်းအဲ့ဒီလိုလုပ်ရင် ငါတို့နှစ်ယောက်လုံး သေလိမ့်မယ်” ဟု ညွှန်ကြားခဲ့သည်။

ထိုနည်းတူ ရှင်ပေါလုက ဂလာတိမြို့မှယုံကြည်သူများအား “ခရစ်တော်ကို ယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်ကို ကျေနပ်စေသည့်အသက်တာနှင့် အသက်ရှင်လို့ မရဘူး။ သတင်းကောင်းကတော့ သင်အခြားနည်းလမ်းနဲ့ ကြိုးစားစရာမလိုဘူးဆိုတာပဲ” ဟုပြောခဲ့သည်။ ဘုရားထံချဥ်းကပ်ရန် မည်သည့်နည်းနှင့်မှ ကြိုးစား၍ မရနိုင်ပါ။…

အတွင်း၌ရှိသော ပြဿနာ

လွန်ခဲ့သောနှစ်အနည်းငယ်တွင် ကျွန်ုပ်တို့၏အိမ်အပြင်နံရံကို သစ်တောက်ငှက် တစ်ကောင် စတင်ခေါက်နေခဲ့သည်။ ဤပြဿနာက အပြင်ဘက်၌သာ ရှိနေ သည်ဟု ကျွန်ုပ်တို့ထင်ခဲ့သည်။ ဤသို့ဖြင့် တစ်နေ့တွင် ကျွန်တော်တို့သားအဖ အမိုးအောက် ထပ်ခိုးပေါ်သို့ လှေကားဖြင့်တက်ကြည့်ရာ ကျွန်တော်တို့၏မျက်နှာအနားမှ ငှက်ဖြတ်ပျံသွားသဖြင့် လန့်ဖျပ်သွားသည်။ ပြဿနာသည် အိမ်အတွင်းတွင် ဖြစ်နေခြင်းကြောင့် ကျွန်တော်တို့ ထင်ထားသည်ထက် ပိုဆိုးရွားနေပါသည်။

သခင်ယေရှု ယေရုရှလင်မြို့သို့ ရောက်လာချိန်တွင် လူအုပ်ကြီးက သူ့အား သူတို့၏အပြင်ပန်း ပြဿနာဖြစ်သော ရောမများ၏ဖိနှိပ်ချုပ်ချယ်မှုကို ဖြေရှင်း ပေးမည့်သူအဖြစ် မျှော်လင့်နေကြသည်။ သူတို့သည် စိတ်အားကြီးစွာဖြင့် “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရားအခွင့်နှင့် ကြွလာ တော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်း” ဟုကြွေးကြော်ကြသည် (မ ၂၁:၉)။ သူတို့စောင့်မျှော်နေသော ဘုရားသခင်ခန့်အပ်သောဘုရင် ကြွလာပြီဖြစ်သည်။ ဘုရားသခင် ရွေးချယ် စေလွှတ်သူကယ်တင်ရှင်သည် ပြုပြင်ပြောင်းလဲမှုကို လုပ်မည်ဆိုပါက ဤမှားယွင်းနေသောအရာအားလုံးမှ စတင်မလုပ်ဆောင်သင့်သလော။ သို့သော်…

မျက်လုံးများပင့်လျက် မျှော်ကြည့်ပါ

တိမ်ထူထပ်လှ၍ မိုးကုပ်စက်ဝိုင်းမှာ ကွယ်နေပြီး အရှေ့ဘက် ကိုက် ၁၀၀ ခန့် မျှသာ မြင်ရသည်။ အချိန်တရွေ့ရွေ့ကုန်ဆုံးစဥ် ရာသီဥတုအပေါ် ကျွန်ုပ်၏ စိတ်ခံစားချက်က သိသာလာသည်။ သို့သော် နေ့ခင်းဘက်ရောက်လာချိန်တွင် တိမ်များပါးသွားပြီး တစ်ဖက်တစ်ချက်၌ တောင်များဝန်းရံထားသည့် ကျွန်ုပ်တို့ မြို့၏အထင်ကရနေရာ လှပသည့်ပိုက်ခ်တောင်ထိပ်ကို မြင်လိုက်ရမှ ကျွန်ုပ်၏ မျက်နှာပြုံးရွှင်သွားသည်။ အရှိကိုအရှိအတိုင်းမြင်ရသည့် ရုပ်ပိုင်းအမြင်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးအမြင်ပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ကျွန်ုပ်တွေးမိပြီး ‘ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရသော တောင်ရိုးသို့ ငါမျှော်ကြည့်၏’ ဟု ကျူးဧနေသော ဆာလံဆရာကို အမှတ်ရစေသည် (ဆာ ၁၂၁:၁)။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် သာ၍မြင့်ရာသို့ မျှော်ကြည့်ရန် လိုအပ်ပါသည်။

ဣသရေလနိုင်ငံပတ်လည်ရှိ တောင်ထိပ်များ၌ နတ်ဘုရားများနှင့် ရံဖန်ရံခါ သူခိုးဓားပြများကို ပူဇော်သည့်ပလ္လင်များ မှိုလိုပေါက်နေသည့်အတွက် ဆာလံ ဆရာက သူ့ကိုမစခြင်းအကြောင်း မည်သည့်အရပ်မှလာသည်ကို တွေးဆင်ခြင် ခြင်း ဖြစ်နိုင်သည်။ သို့မဟုတ်…

ညနက်ထဲမှ သီချင်းတစ်ပုဒ်

နေဝင်ပြီးအချိန်အတော်ကြာမှ လျှပ်စစ်မီးပြတ်တောက်သွားချိန်တွင် ကျွန်တော့် သားသမီးငယ်နှစ်ဦးနှင့် အိမ်တွင်ရှိနေခဲ့ပြီး ၎င်းတို့မှာ လျှပ်စစ်မီးပျက်ခြင်းကို ပထမဆုံးတွေ့ကြုံရခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အားဖြန့်ဝေသည့်ကုမ္ပဏီသို့ မီးပျက်ခြင်းကို အကြောင်းကြားလိုက်ပြီး ဖယောင်းတိုင်ထွန်းညှိကာ မှိတ်တုတ် မှိတ်တုတ် လင်းနေသည့် မီးတောက်ပတ်လည်တွင် ကျွန်တော်နှင့်ကလေးများ စုပြုံတိုးဝှေ့နေလိုက်ကြသည်။ သူတို့ ကြောက်ရွံ့ပြီး ဂနာမငြိမ်ဖြစ်နေသဖြင့် ကျွန်တော်တို့ သီချင်းစတင်ဆိုကြသည်။ မကြာမီ သူတို့မျက်နှာပေါ်မှစိုးရိမ်ပူပန်မှုများတွင် အပြုံးများက အစားထိုးဝင်လာသည်။ တစ်ခါတစ်ရံ ကျွန်တော်တို့၏ အမှောင်ဆုံးအချိန်များအတွက် သီချင်းတစ်ပုဒ်လိုအပ်ပါသည်။

ဆာလံ ၁၀၃ သည် တိုင်းတစ်ပါးမှ စွန့်ပစ်ခံအမိမြေသို့ ဘုရားသခင်၏ လူများ ပြန်ရောက်သည့်နောက်တွင် ဆုတောင်းသီဆိုသောဆာလံသီချင်း ဖြစ်သည်။ အကြပ်အတည်းနှင့်ကြုံရချိန်တွင် သူတို့သီချင်းသီဆိုရန် လိုအပ် သည်။ ဆိုချင်ရာဆိုရန် မဟုတ်ဘဲ ဘုရားသခင်မည်သူဖြစ်သည်၊ ကိုယ်တော် မည်သည့်အရာများ ပြုသည်ကို သီဆိုရန်ဖြစ်သည်။ ကိုယ်တော်သည် သနား ကြင်နာကြောင်း၊ ကရုဏာကြွယ်ဝကြောင်း၊ စိတ်ရှည်ပြီး သစ္စာတည်‌သော မေတ္တာနှင့်ပြည့်ဝကြောင်းကို ကျွန်ုပ်တို့သတိရရန်…

စစ်မှန်သောအစေခံ

ဘီစီ ၂၇ အချိန်ကာလ၊ ရောမအုပ်ချုပ်သူ အော့တေးဗီယန်သည် အထက်လွှတ်တော်တွင် သူ၏အခွင့်အာဏာကို စွန့်လွှတ်ခဲ့သည်။ သူသည် ပြည်တွင်းစစ်ကို နှိမ်နင်းအောင်မြင်ခဲ့ပြီး ထိုဒေသဝန်းကျင်ကို အုပ်စိုးသူဖြစ်လာကာ ဧကရာဇ်မင်းကဲ့သို့ ပြုမူခဲ့သည်။ သို့သော် ထိုအာဏာသည် တရားမဝင်ကြောင်း သူသိသည်။ ထို့ကြောင့် လွှတ်တော်တွင် သူသည်အာဏာကိုစွန့်ပြီး တရားဝင်ရွေးချယ်ခန့်အပ်မှုကိုသာ လက်ခံပါမည်ဟု ကျမ်းသစ္စာဆိုခဲ့သည်။ လွှတ်တော်က မည်သို့တုံ့ပြန်သနည်း။ သူ့အား ပြည်နယ်ဂုဏ်ဆောင် သရဖူကိုအပ်နှင်းပြီး ‘ရောမပြည်သူတို့၏ အစေခံ’ ဟူသောဘွဲ့ကို ချီးမြှင့်အသိအမှတ်ပြုခဲ့သည်။ ထို့ပြင် ‘သြဂတ်စတပ် - ကြီးမြတ်သူ’ ဟူသောဘွဲ့ကိုလည်း အပ်နှင်းချီးမြှင့်ခဲ့သည်။

ရှင်ပေါလုက သခင်ယေရှုသည် သူ၏အ‌သရေကိုစွန့်ပြီး အစေခံကျွန်၏သဏ္ဍာန်ကိုဆောင်ခဲ့သည်ဟု ရေးသားခဲ့သည်။ သြဂတ်စတပ် လည်း ထိုကဲ့သို့ပင်လုပ်ခဲ့သည်ဟုထင်ရသည်။ သို့မဟုတ် သူတကယ်လုပ်ခဲ့ပါသလား။ သြဂတ်စတပ်သည် သူ့အခွင့်အာဏာကို စွန့်လွှတ်လိုက်သကဲ့သို့ လုပ်ဆောင်ခဲ့သည်။ သို့သော် သူ့အကျိုးအတွက် ထိုသို့ပြုခဲ့ခြင်းဖြစ်သည်။ သခင်ယေရှုသည် “လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင်…

မှားယွင်းသောတလွဲစိတ်ချမှု

လွန်ခဲ့သောနှစ်အတန်ကြာက ဆရာဝန်က ကျွန်ုပ်၏ကျန်းမာရေးနှင့်ပတ်သက်၍ ခပ်တင်းတင်း ပြောဆိုညွှန်ကြားသဖြင့် သူ့စကားကိုနာခံပြီး လေ့ကျင့်ခန်းလုပ်ကာ အစားအသောက်ကိုလည်း ချင့်ချိန်စားသုံးခဲ့သည်။ အချိန်အတန်ကြာသော် ကိုလက်စထရောဓာတ်ကျပြီး ကိုယ်အလေးချိန်လည်း ကျသွားသည်။ မိမိကိုယ်ကို တန်ဖိုးထားမှုမှာကား မြင့်တက်လာသည်။ သို့သော် မကောင်းသည့်အကျင့်တစ်ခုဖြစ်လာသည်။ အခြားသူများ၏အစားအသောက်ရွေးချယ်မှုကိုကြည့်ပြီး ကျွန်ုပ် ဝေဖန်တတ်လာခြင်းဖြစ်သည်။ မိမိကအမှတ်ကောင်းနေလျှင် မိမိကိုယ်ကိုဂုဏ်ယူ တတ်ပြီး အခြားသူကိုနှိမ်မိခြင်းက ရယ်စရာဖြစ်မနေဘူးလား။ အခြားသူများကို ဝေဖန်စီရင်ရန် မိမိရေးဆွဲထားသည့် စံချိန်စံနှုန်း၌ ကုပ်ကပ်တွယ်လိုသည့်သဘော ရှိခြင်းက မွေးရာပါလူ့အတွင်းစိတ်ဖြစ်ပုံရသည်။

ထိုသို့ပြုကျင့်ခြင်းနှင့်စပ်လျဉ်း၍ ဖိလိပ္ပိမြို့သားများကို ရှင်ပေါလု သတိပေး ခဲ့သည်။ အချို့က ၎င်းတို့၏ဘာသာရေးအကျင့်အကြံများ၊ ဓလေ့ထုံးတမ်းများနှင့် လိုက်လျောညီထွေစွာ နာခံလိုက်လျှောက်နိုင်မှုအပေါ် အားကိုးစိတ်ချမှုရှိသည်။ ထိုသို့စိတ်ချကြေးဆိုလျှင် သူက ပို၍ပင်ဝါကြွားစရာအကြောင်းရှိကြောင်း၊ “အခြားသူမည်သူကား၊ ဇာတိ၌ ကိုးစားစရာအကြောင်းရှိသည်ဟုထင်လျှင် ငါမူကား သာ၍ရှိ၏” (:၃-၄)။ သို့သော် “သခင်ယေရှုကို သိသောပညာ” နှင့် ယှဉ်လျှင်(:၈)၊ သူ၏မျိုးရိုး နှင့်ဇာတိပကတိအကျင့်အကြံများသည်…

နှေးသော်လည်း သေချာသည်

ကျွန်ုပ်၏မိတ်ဆွေဟောင်းတစ်ဉီးနှင့် မမျှော်လင့်ဘဲဆံုမိပြီး သူက သူအောင်မြင် နေပြီဖြစ်ကြောင်း ပြောပါသည်။ သို့သော် ကျွန်ုပ်မယံုနိုင်ခဲ့ကြောင်းကို ဝန်ခံရ ပါမည်။ ထိုသို့ပြောပြီး လအနည်းငယ်အတွင်း ရေဒီယို၌ အကြိမ်ကြိမ် တောင်းဆိုခံရခြင်းမှ အစ၊ ရုပ်သံကြော်ငြာတွင် နာမည်ကြီးသီချင်းအဖြစ် စာတန်းထိုးဖော်ပြခံရခြင်းအဆံုး သူ၏တီးဝိုင်းကို နေရာတကာတွင် တွေ့ခဲ့ရ သည်။ သူသည် တစ်ရှိန်ထိုး၍ အောင်မြင်မှုရခဲ့သည်။

ထူးခြားကြီးမားစွာ လျင်မြန်စွာ ရုပ်ခြည်းအောင်မြင်မှုရလိုသည့်အတွေးက ကျွန်ုပ်တို့ကို လွှမ်းမိုးစိုးမိုးနေနိုင်ပါသည်။ သို့သော်မုန်ညှင်းစေ့နှင့်တဆေးဉပမာက ၎င်းတို့၏သေးငယ်လျက်၊ မထင်မရှားရှိလျက် နှေးကွေးစွာဖြည်းဖြည်းချင်း တိုးတက်ဖြစ်ပေါ်လာမှုနှင့် နိုင်ငံတော် (လောက၌ ဘုရားသခင်၏အုပ်စိုးမှု) ဖြစ်ပေါ်လှုပ်ရှားနေပံုကို နှိုင်းယှဉ်ဖော်ပြသည်။

နိုင်ငံတော်သည် သူ၏မင်းကြီးနှင့်တူသည်။ ခရစ်တော်၏အမှုတော်တာဝန် တွင် အဖြစ်အပျက်များ တစ်ခုပြီးတစ်ခုပါရှိသည်။ သစ်စေ့ကဲ့သို့ မြေ၌မြှုပ်နှံခံရသည်။ တဆေးကဲ့သို့ မပေါ်လွင်ဘဲ ဂျုံမုန့်ညက်ထဲရှိနေသည်။ သို့သော် ခရစ်တော် ထိုးဖောက်အောင်မြင်ခဲ့သည်။ မြေအမှိုက်သရိုက်ကို ထိုးဖောက်ရှင်သန်သည့် သစ်ပင်ကဲ့သို့၊ အပူပေးခံရပြီးမှကြွလာသည့် ပေါင်မုန့်ကဲ့သို့…

အဆုံးဖြင့် အစပြုခြင်း

ငယ်စဥ်က “ကြီးလာရင်ဘာဖြစ်ချင်လဲ”ဟု မကြာခဏအမေးခံရသည်။ ကျွန်တော့် အဖြေကလည်း အမြဲပြောင်းလဲသည်။ ဆရာဝန်ပြောလိုက်၊ မီးသတ်သမား ပြောလိုက်၊ သာသနာပြုဆရာပြောလိုက်၊ ချီးမွမ်းကိုးကွယ်ခြင်းဦးဆောင်သူ၊ ရူပဗေဒပညာရှင်၊ ကျွန်တော်ကြိုက်သောရုပ်သံသရုပ်ဆောင် မက်ဂ္ဂါဗာ ဖြစ်ချင် လိုက်နှင့် အမြဲပြောင်းသည်။ ယခု ကလေး ၄ ယောက် အဖေ ဖြစ်လာချိန်တွင် ထိုမေးခွန်းသည် ကလေးများအတွက် မည်မျှခက်ခဲမည်ကို တွေးမိသည်။ “သားတို့ သမီးတို့ ဒီကဏ္ဍမှာ တော်မယ်ဆိုတာ အဖေသိတယ်” ဟုပြောချင်ခဲ့သည်။ တစ်ခါတစ်ရံ သားသမီးများ မိမိကိုယ်ကို မြင်သည်ထက် မိဘက ပိုမြင်ပါသည်။

၎င်းသည် သူချစ်ခင်နှစ်သက်ပြီး ဆုတောင်းပေးနေသော ဖိလိပ္ပိမှ ယုံကြည် သူများကို ရှင်ပေါလု ရှုမြင်ခဲ့ပုံနှင့် ထပ်တူကျနေပါသည် (ဖိ ၁:၃)။ သူက အဆုံးကို မြင်သည်။ အားလုံးပြောပြီးလုပ်ပြီးချိန်တွင် သူတို့ဘယ်နည်းဘယ်ပုံ ဖြစ်နေမည်ကို ရှင်ပေါလု သိနှင့်သည်။ သမ္မာကျမ်းစာမှလည်း ဇာတ်လမ်းအဆုံး…

ချစ်ကြည်ရေး ရေယက်

အဏ္ဏဝါဇီဝပညာရှင်အမျိုးသမီးတစ်ဦးသည် တောင်ပစိဖိတ်၊ ကွတ်ကျွန်းစုများ အနီး၌ ရေကူးနေစဉ် ပေါင် ၅၀၀၀၀ ရှိ ဝေလငါးကြီးက ရုတ်တရက်ပေါ်လာပြီး သူ့ကို ၎င်း၏ရေယက်အောက် ထိုးသွင်းလိုက်သည်။ သူ့အသက်ဆုံးပါပြီဟု သူ ထင်ခဲ့သည်။ သို့သော် ဖြည်းဖြည်းချင်း စက်ဝိုင်းပုံ ပတ်ချာလည်ရေကူးပြီးနောက် ဝေလငါးကြီးက သူ့ကို ပြန်လွှတ်ပေးလိုက်သည်။ ထိုအခါမှ ကျားငမန်းတစ်ကောင် ထိုဧရိယာမှထွက်သွားသည်ကို သူမြင်လိုက်သည်။ ဝေလငါးကြီးက သူ့ကို အန္တရာယ်မှ ကာကွယ်ပေးခဲ့ခြင်းဟု ထိုအမျိုးသမီးယုံကြည်ခဲ့သည်။

အန္တရာယ်များလှသည့် ကမ္ဘာကြီးတွင် အခြားသူများကို ဂရုစိုက်စောင့်ကြည့် ရန် ကျွန်ုပ်တို့စေစားခံရသည်။ သို့သော် “အခြားသူတစ်ဦးအတွက် တာဝန်ခံရန် ကျွန်ုပ်အပေါ် တကယ်ပဲ မျှော်လင့်ထားကြသလား” ဟု သင့်ကိုယ်သင်မေးမိမည်။ ကာဣန၏စကားနှင့်ပြောမည်ဆိုလျှင် “အကျွန်ုပ်သည် ညီကို စောင့်ရသောသူ ဖြစ်ပါသလော”ပေါ့(က ၄:၉)။ ဓမ္မဟောင်းကျမ်းတစ်စောင်လုံးတွင် “ဟုတ်တယ်” ဟူသောအဖြေများ မြည်ဟီးနေပါသည်။ အာဒံသည် ဧဒင်ဥယျာဉ်ကို စောင့်ရှောက် ရသကဲ့သို့…